Terms and conditions

Naing BSell စည်းကမ်းချက်များ


Naing BSell ကို အသုံးပြုခြင်းဖြင့် အောက်ပါစည်းကမ်းချက်များ နှင့် ရှောင်ရန်များကို သဘောတူပြီးဖြစ်ကြောင်း ၀န်ခံပါသည်။

 စည်းကမ်းချက်များ
  • သင်တင်သောပစ္စည်းရဲ့အမျိုးအစား နဲ့ အနီးစပ်ဆုံးသော အမျိုးအစားကို (Category) တွင်ရွေးချယ်ပါ။
  • သင်၏ ကြော်ငြာနဲ့ ၀န်ဆောင်မှုများ အတွက် အသေးစိတ်အချက်အလက်များကို အတတ်နိုင်ဆုံးပြည့်စုံအောင် (Description) တွင် ဖြည့်ပေးပါ။
  • ကြော်ငြာတွင် တင်သောဓာတ်ပုံသည် ပစ္စည်းနဲ့ဆိုင်သောပုံ ဖြစ်ရမည်။ (ကြော်ငြာရဲ့အမြင်ကောင်းအောင် အနည်းဆုံးပုံတစ်ပုံ တင်ပေးကြပါ)
  • ၀ယ်သူများ အလွယ်တကူ ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်ကို သင်၏ကိုယ်ရေးအချက်အလက် (Profile) သို့ ကြော်ငြာရဲ့ (Phone) နေရာတွင် ဖြည့်ပေးပါ။
  • Naing BSell မှာ ရောင်းသူနဲ့ ၀ယ်သူကြားတွင်ပါဝင်ပတ်သတ်မည် မဟုတ်ပါ။
  • Naing BSell မှာ တင်ထားသော ပစ္စည်းများ၊ ၀န်ဆောင်မှုများ၏ အရည်အသွေး၊ မှန်ကန်မှု နှင့် ယုံကြည်စိတ်ချမှုကို မစစ်ဆေးပေးနိုင်ပါ။ ရောင်းသူနဲ့ ၀ယ်သူမှာတာ တာဝန်ရှိပါသည်။
  • Naing BSell ကို အသုံးပြုသူသည် အသက် ၁၈ ပြည့်ပြီးသူဖြစ်ရပါမယ်။
  • အရောင်းအ၀ယ်အတွက် အပြင်တွင် တွေ့ဆုံရပါက သင်၏ဘေးကင်းလုံခြုံမှုအတွက် လူစည်းကားရာနေရာများတွင် တွေ့ဆုံပါ။
  • အသုံးပြုသူရဲ့ ကိုယ်ရေးအချက်အလက်များနဲ့ ကြော်ငြာများကို Naing BSell ရဲ့ web server မှာသိမ်းထားမည့်ကို လက်ခံပါသည်။ (သို့သော် Naing BSell မှာ သင်တို့၏အချက်အလက်များကို သင်တို့၏ခွင့်ပြုချက်မပါပဲ မည်သူကိုမှာ ဖြန့်ဝေမည်မဟုတ်ပါ)

 ရှောင်ရန်များ
  • ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများ ကြော်ငြာခြင်း။
  • ကြော်ငြာတစ်ခုထဲအား category အများကြီးတွင်တင်ခြင်း၊ ထပ်ခါထပ်ခါတင်ခြင်း
  • သင်၏ ကြော်ငြာရဲ့အသေးစိတ်ကို အပြည့်အစုံမရေးပဲ အခြား website သို့ န်းခြင်း
  • လိင်နှင့်ဆိုင်သော ဝန်ဆောင်မှုများ၊ မဖွယ်မရာ ပုံများတင်ခြင်း
  • ဆဲရေးတိုင်းထွာခြင်း၊ ခြိမ်းခြောက်ပြောဆိုခြင်း။
  • သူတပါး၏ ပစ္စည်းအား ၄င်းတို့ခွင့်ပြုချက်မပါဘဲ ကူးယူခြင်း (သို့) ပြုပြင်ခြင်း။
  • စည်းကမ်းများကို ချိုးဖောက်ခြင်း။
  • Naing BSell ကို အသုံးပြုနေသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား ၄င်းတို့ မသိရှိဘဲ စုဆောင်းခြင်း။
  • Naing BSell ၏ အချက်အလက်များအား ခွင့်ပြုချက်မရှိဘဲ ဖြန့်ဖြူးခြင်း (သို့) ပြန်လည်ထုတ်ဝေခြင်း။

သို့ဖြစ်ပါ၍ ရိုင်းစိုင်းသော မဖွယ်မရာ ကြော်ငြာများ တွေ့ရှိခဲ့ပါက [email protected] သို့ အီးမေးပို့၍ တိုင်ကြားနိုင်ပါသည်။
စည်းကမ်းချက်များနှင့် ရှောင်ရန်များမှာ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ (JAN 2016)


Naing BSell ကို အသုံးပြုတဲ့ အတွက် ကျေးဇူးတင်ပါတယ်။